မကွေး ဇန်န၀ါ၇ီ ၂၁
မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်တင်လှူပွဲအခမ်းအနားကို ယနေ့နံနက်(၆း၃၀ ) အချိန် က ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်သြ၀ါဒါစရိယဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မကွေးမြသလွန်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ဌက်မြတ်နားတော်တို့ကို ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းပါသည်။ ယင်းနောက် ပရိတ်တရားတော်များနာကြားခဲ့ပါသည်။
ဆက်လက်ပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရတနာရွှေစင်ပန်းရထားဖြင့် ပင့်ဆောင်တင်လှူပူဇော်ကြပါသည်။ ယင်းနောက် ဘုရားဖူးပြည်သူများ သွားလာရေးလွယ်ကူစေရန်အတွက် နိဗာန်ဆိပ်ကူးတံတားဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ သြ၀ါဒါစရိယဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိဗာန်ဆိပ်ကူးတံတားပေါ်သို့ပရိသတ်များနှင့်အတူ ဖြတ်ကူးပြီး လှည်လည်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
0 comments:
Post a Comment