နတ်မောက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဇန်နဝါရီလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့ထိ အချိန်အခါမဲ့မိုးရွာသွန်းမှု ပြန့်ပြန့် နှံ့နှံ့ ရှိခဲ့ကြောင်း တွေ့ရှိရ။ မိုးလေဝသအသိပေးကြေငြာချက်အရ ဇန်နဝါရီလ(၁၅)၇က်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်းရှိ ကျေးရွာအုပ်စုအားလုံးသို့ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ ကြိုတင်အသိပေးကြေငြာထားပြီးဖြစ်ကြောင်း သိရှိရ။ ဒေသအတွင်းလက်ရှိ စိုက်ပျိုးပြီး သီးနှံများအပေါ်ထိခိုက်မှုမရှိခဲ့သော်လည်း ရာသီဥတုရုတ်တရက် ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး ကင်းထောက်စနစ်ဆောင်ရွက်ခြင်း၊ တောင်သူအသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံမှ သိရှိရသည်။ လက်တွေ့တွင် တောင်သူများအနေဖြင့် စိုက်ခင်းဖြည့်ရေရရှိခြင်း၊ လယ်မြေ/ယာမြေအားလုံး နွေထယ်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရှိရသည်။
ဥမ္မာခင်
Thursday, January 22, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment