Wednesday, January 21, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ (၅း၃၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ထီးလင်း-ကျောက်ထု သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၂/၂ နှင့် ၂၂/၃ အကြား သရခါကျေးရွာ၊ ဇေယျသုခ ဘုန်းကြီးကျောင်းအနီးတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 
ဖြစ်စဉ်မှာ ကျောက်ထုမှ ထီးလင်းသို့ ထီးလင်း-ကျောက်ထု သွားကားလမ်းအတိုင်း ဆောမြို့နယ်၊ စံကျေးရွာနေသူ ယာဉ်မောင်း စိုးမင်းအောင် (၂၃)နှစ် မောင်းနှင်လာသော ၈ဈ/xxxx၊ RAINBOW ယောစင်တာ ခရီးသည်တင် မှန်လုံ ယာဉ်နှင့် သရခါရွာလမ်းမအတိုင်း ထီးလင်း မြို့နယ်၊ ဒေါသာ ကျေးရွာနေသူ စိန်ချော(၂၅) နှစ် မောင်းနှင် ပြီး နောက်မှတစ်ရွာတည်းနေ ကိုပြား(၃၈)နှစ် လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အမှတ် ၂၄ယ/xxxxx၊ KENBO 125 အစိမ်းရောင် ဆိုင်ကယ် တို့မှာ ရွာလမ်းမနှင့် ထီးလင်း-ကျောက်ထု ကားလမ်းဆုံ အရောက်တွင် တိုက်မိသဖြင့် စိန်ချောတွင် ၀ဲမျက်စိအောက် ပွန်းပဲ့ဒဏ်ရာ၊ ၀ဲနှာခေါင်းဘေးပွန်းပဲ့ ဒဏ်ရာ၊ မေးစေ့အောက် ပွန်းပဲ့ဒဏ်ရာနှင့် ကိုပြားတွင် ယာပေါင်အရှည် (၅)လက်မခန့် ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စိုးမင်းအောင် နှင့် စိန်ချော တို့အား ထီးလင်းမြို့မရဲစခန်း ယာဉ်(ပ) ၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈/၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video