Thursday, January 29, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်၌ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိန်းကလေးတစ်ယောက်အား တစ်ဘက်သပ်ချစ်ကြိုက်သဖြင့် အလိုမတူဘဲ ပေါင်းသင်း ရန် ခြိမ်းခြောက် ခေါ်ဆောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ စလင်းမြို့နယ်၊ ကျောက်အိုးကျေးရွာနေသူ မxxxx(၁၅)နှစ် သည် ရွာထဲရှိ အလှူအိမ်တွင် ဗွီဒီယို ကြည့်နေစဉ် တစ်ရွာတည်းနေ မကြည်သိန်း(၂၂)နှစ်မှ ဓါတ်မီးသွားယူရန် အဖော် လိုက်ခဲ့ရန် ခေါ်သဖြင့် လိုက်ပါသွားစဉ် ဓါတ်မီးမယူဘဲ ရွာအနောက်ဘက်သို့ သွားသည့်အတွက် ရွာအပြင်ဘက် အရောက်တွင် မxxxxမှ `ဘာဖြစ်လို့ ဓါတ်မီး မယူတာလဲ´ဟု မေးရာ မကြည်သိန်းမှ ``နင်လျှာ မရှည်နဲ့´´ ဟုပြောကာ ၀က်ဝံတံဘက်စောင်ဖြင့် ပါးစပ်အား ပိတ်ထားပြီး ၄င်း၏ မောင်ဖြစ်သူ ကျော်ဝင်းထွဋ်(၁၉)နှစ်အား ““ထွက်လာခဲ့ ခေါ်သွားလို့ရပြီ““ဟု ပြောရာ အနီးသို့ ကျော်ဝင်းထွဋ် ရောက်ရှိလာကြောင်း၊ ကျော်ဝင်းထွဋ်မှ မxxxx၏ရင်ဝအား (၁၀)လက်မခန့်ရှိ အရိုးမပါလှံဓါးဖြင့် ထောက်ကာ ““အေးအေးဆေးဆေး လိုက်ခဲ့၊ အော်ရင် သတ်ပစ်မည်““ ဟုခြိမ်းခြောက်၍ ရွာအနောက်ဘက် (၃)မိုင်ခန့်အကွာရှိ ၄င်းတို့နေထိုင် ရာ တဲတိုက်သို့ခေါ်သွားခဲ့ကြောင်း၊ လမ်း၌ သားမယားအဖြစ် ဆက်ဆံခြင်းမရှိကြောင်း၊ ထိုနေ့ည တွင် ကျော်ဝင်းထွဋ်၏ မိဘများနှင့်အတူ အိပ်ခဲ့ရ ကြောင်း၊ နောက်နေ့နံနက်တွင် မxxxx၏ အဖွားနှင့် အစ်ကိုဖြစ်သူတို့ လာရောက် ခေါ်ဆောင် သဖြင့် ပြန်လည် လိုက်ပါလာ ခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားအဖြစ်ပေါင်းသင်းရန် ခြိမ်းခြောက်ခေါ်ဆောင်သူ မကြည်သိန်းနှင့် ကျော်ဝင်းထွဋ် တို့(၂)ဦးအား အရေးယူပေးပါရန် ၂၈.၁.၂၀၁၅ ရက်နေ့တွင် မxxxx၏ အဖွားဖြစ်သူ မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေ ရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၃/ ၅၀၆/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video