၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ် ကားလမ်း၊ သစ်လှကျင်းကျေးရွာ ဇရပ်အနီးတွင် စိုင်ကောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက် နေစဉ် လူတစ်ဦး ဆိုင်ကယ်တစ်စီး တွန်းလာသည်ကို တွေ့ရှိစစ်မေးရာ ၄င်းမှာ နတ်မောက်မြို့နယ်၊ လျှော်ချောင်းကြီး ကျေးရွာနေသူ လှကျော်သိန်း(၁၈) နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်းတွန်းလာသည့် ၅ယ/xxxx ဟွန်ဒါဒရင်း အစိမ်းပုတ်ရောင် ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း အထောက် အထား ခိုင်လုံစွာ ပြောပြနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
တစ်နေရာရာမှ ခိုးယူလာသည်ဟု သင်္ကာမကင်း၍ လှကျော်သိန်း အား နတ်မောက်မြို့နယ်၊ စိုင်ကောင်း နယ်မြေ ရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment