Thursday, January 29, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းအပိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ နှိုက် သတင်းစုံစမ်းနေစဉ် မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ ဥတ္တရလမ်းနေသူ မစန်းအေး(၂၉)နှစ် နေအိမ်သို့ လူငယ်တစ်ဦး စက်ဘီးတစ်စီး လာရောက် ရောင်းချ သွားကြောင်း သတင်းအရ စုံစမ်းခဲ့ကြောင်း သိရှိရပါသည်။
စက်ဘီးရောင်းချသူမှာ မကွေးမြို့နယ်၊ သာယာကုန်း ကျေးရွာနေသူ သန့်ဇင်ဝင်း(ခ)ရန်ကြီး (၁၃)နှစ် ဖြစ်ကြောင်း သိရှိရကြောင်း၊ ၄င်းအား စစ်ဆေးရာ ၄င်းရောင်းချသော ဟော့ကိုင်းဒိုးအမျိုးအစား အပြာရောင်( မိန်းမစီး) စက်ဘီးနှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်းမရှိ၍ နေအိမ် အဆောက်အဦး တစ်ခုခုအတွင်းမှ ခိုးယူ လာသည်ဟု မသင်္ကာ၍ အဆိုပါ စက်ဘီးအား သက်သေများနှင့် အတူ မစန်းအေးနေအိမ်သို့ သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါ စက်ဘီးအား ခိုးယူလာသည်ဟု မသင်္ကာသူ သန့်ဇင်ဝင်း (ခ)ရန်ကြီး အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် အဆိုပါ သန့်ဇင်ဝင်း(ခ)ရန်ကြီးအား အသက်မပြည့်သေး၍ မိဘများထံပြန်လည် အပ်နှံထား ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video