၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၂) ရပ်ကွက်နေ ဦးဇော်သူလတ်(၄၁)နှစ် သည် အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၁း၂၀ နာရီအချိန်ခန့်က ဆိုင်ကယ်အမှတ် ၄ယ/xxxx ရင်ဇင်း ၁၁၀ အစိမ်းရောင် ဆိုင်ကယ်ဖြင့် ပခုက္ကူမြို့၊ မြို့ရှောင်လမ်းအတိုင်း မြို့ပြင်မှနေအိမ်သို့ ပြန်လာစဉ် အမှတ်(၁၅)ရပ်ကွက်၊ မိုက္ကရိုဝေ့မြောက်ဘက်၊ သူကြီးတောင် ဘုန်းကြီးကျောင်းအနီး အရောက် လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ အပေါ့သွားကာ ဖုန်းပြောနေစဉ် နောက်ကျောဘက် အမှောင်ရိပ်အတွင်းမှ အမည်မသိအမျိုးသား (၂)ဦး ရောက်လာပြီး တစ်ဦးမှ လည်ပင်းအား သိုင်းဖက် ချုပ်၍ ကျန်တစ်ဦးမှ ဓါးဟု ယူဆရသော အရာနှင့် နံဘေးအား ထောက်ကာ ဦးဇော်သူလတ်၏ အင်္ကျီအိတ်ကပ် အတွင်း မှ ငွေစက္ကူရောရာ ၂၅၀၀၀ိ/-နှင့် ၀၉-xxxxxxxx နံပါတ်ပါ ဆင်းကဒ်နှင့် စာချုပ်တစ်ခု၊ ၀၉-xxxxxxxx နံပါတ်ပါ စာချုပ်တစ်ခု တို့အား နှိုက်ယူ၍ ခါးကြားတွင် ထိုးထားသည့် ၀၉-xxxxxxxx နံပါတ်ပါ HAIEN အမျိုးအစား ချောကလက်ရောင် လက်ကိုင်ဖုန်း(၁)လုံးနှင့် လက်ထဲတွင် ကိုင်ထားသည့် ၀၉-xxxxxxxx နံပါတ်ပါ I Phone 5 အမျိုးအစား ငွေရောင် လက်ကိုင်ဖုန်း (၁)လုံးတို့အား လုယူပြီး ဦးဇော်သူလတ် စီးလာ သည့် သားရေဖိနပ်ကိုပါ ယူ၍ နှစ်ဦးလုံးမှာ ဘုန်းကြီးကျောင်းသွားသည့် လမ်းအတိုင်း ထွက်ပြေးသွား ခဲ့သဖြင့် ဖြစ်စဉ်အား ဆွေမျိုးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး စုံစမ်းရှာဖွေခဲ့ရာ ထူးခြားမှုမရှိ၍ ယနေ့မှ ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ပခုက္ကူမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့များမှ လိုက်လံစုံစမ်းရာ လုယူထွက်ပြေးသွားသူ များမှာ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်နေ ယဉ်မင်းထွေး(ခ) ဖိုးသား (၂၉)နှစ် နှင့် ဝေဖြိုးကျော် (၂၀)နှစ် တို့ (၂)ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ယဉ်မင်းထွေး (ခ) ဖိုးသားနှင့် ဝေဖြိုးကျော် တို့အား အရေးယူပေးပါရန် ၃၀.၁၀.၂၀၁၅ ရက်နေ့တွင် ဦးဇော်သူလတ်မှ တရားလိုပြုလုပ် တိုင်တန်း၍ ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။