Friday, October 30, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ ဒေါ်xxxx(၈၃)နှစ် သည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် အမှတ်(၃)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်ရန်သွားခဲ့ရာ ၄င်းကျောင်းတွင် ရောက်နှင့်နေသော အမှတ်(၃) ရပ်ကွက်နေ သမီးဖြစ်သူနှင့် မြေးဖြစ်သူ မxxxx (၁၇)နှစ်တို့မှ ဒေါ်xxxx(၈၃)နှစ်ကို မြင်သည်နှင့် မျက်နှာ အား အုပ်၍ငိုနေသဖြင့် မေးကြည့်ရာ ပထွေးဖြစ်သူ ဦးxxxx (၄၀)နှစ်နှင့် မxxxx (၁၇)နှစ် တို့သည် ညစဉ် မြစ်အတွင်းသို့ ငါးသွားဖမ်းကြစဉ် ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ရက်မမှတ်မိက ပထွေးဖြစ်သူ ဦးxxxx (၄၀)နှစ်မှ မxxxx (၁၇)နှစ်အား သားမယားအဖြစ်(၂)ကြိမ်၊ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်တွင် နေအိမ်၌လူမရှိခိုက် သားမယား အဖြစ် (၁)ကြိမ် ပြုကျင့် ခဲ့ကြောင်း ပြောပြ သိရှိရသဖြင့် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ ဦးxxxx (၄၀)နှစ်အား အရေးယူပေးရန် ၂ဝ၁၅ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မxxxx (၁၇)နှစ်၏ အဖွားဖြစ်သူ ဒေါ်xxxx(၈၃)နှစ်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း (ပ)၁ဝ၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video