Friday, October 30, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ဘော်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ လ ၂၉ ရက်နေ့ ညနေ (၅း၄၅)နာရီအချိန် သရက်မြို့နယ်၊ သရက်မြင့်ကျေးရွာ အနီး၊ သရက်-မင်းလှကားလမ်း မိုင်တိုင်အမှတ် ၁၈/၇ နှင့် ၁၉/၀ အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်မှာ သရက်-မင်းလှ ကားလမ်းအတိုင်း သရက်မြို့နယ်၊ ကတက်ပင်ကျေးရွာမှ ဘောလုံး ကစား ပြီး ပေါက်တောကျေးရွာသို့ ပေါက်တောကျေးရွာနေသူ ဇော်မိုးဦး (၂ဝ)နှစ် မောင်းနှင်လာသည့် ၉ဌ/xxxx အပြာရောင် (၆)ဘီး ထော်လာဂျီယာဉ်သည် ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်သို့ တိမ်းမှောက်ကာ ယာဉ်ပေါ်လိုက်ပါသူ ကျား(၂၃)ဦးအနက် ယာဉ်မောင်း ဇော်မိုးဦးနှင့် တစ်ရွာတည်းနေ ယာဉ်ပေါ်တွင်လိုက်ပါလာသူ စိုးလင်း (၂၂)နှစ်အပါအ၀င် ကျား(၂၂)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး သရက်မြို့နယ်၊ ပေါက်တောကျေးရွာနေသူ ဝင်းထွန်း(၂၄)နှစ်မှာ အပြင်းအထန် ဒဏ်ရာ များ ရရှိသေဆုံး သွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်မိုးဦးအား သရက်မြို့နယ်၊ ဘော်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video