Friday, October 30, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် အောက်တိုဘာလ ၂၈ ရက်နေ့ ည (၁၁)နာရီအချိန်ခန့်တွင် ရေနံချောင်းမြို့နယ် ပြည်သူ့ ဆေးရုံကြီး သို့ ဆိုင်ကယ် တိမ်းမှောက်၍ သေဆုံးသူ အမျိုးသား(၁)ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်မှာ ရေနံချောင်း-ချောက် ကားလမ်း အတိုင်း ချောက်မြို့မှ ရေနံချောင်းဘက်သို့ ရေနံချောင်းမြို့၊ မြို့မမြောက် ရပ်ကွက်နေသူ စိုးနိုင်(ခ) လှမိုးဝင်း (၄၄)နှစ် မောင်းနှင်လာသော ဆိုင်ကယ်သည် ရေနံချောင်း မြို့နယ်၊ ကြည့်မြင့်တောင် ရွာအနီး၊ မိုင်တိုင် အမှတ် (၃၇၂/၁) အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ ကားလမ်းမကြီးပေါ်တွင် တိမ်းမှောက်ခဲ့၍ စိုးနိုင်(ခ) လှမိုးဝင်းတွင် အပြင်းအထန် ဒဏ်ရာများ ရရှိသေဆုံး သွားသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ စိုးနိုင်(ခ)လှမိုးဝင်းအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video