Friday, October 30, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် အောက် တိုဘာ ၂၈ ရက်နေ့ ည(၁၁)နာရီ အချိန်ခန့်တွင် သက်သေများနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် ကြို့ကျောင်းကုန်းရွာ နှင့်ပေကန်ကုန်း ကျေးရွာကြား လမ်းမပေါ်၌ မသင်္ကာဖွယ် လူတစ်ဦး အား တွေ့ရှိ၍စစ်ဆေး ရာ မြို့သစ်မြို့နယ်၊ ယောင်းမကျေးရွာနေသူ ဝင်းဦး (၃၇)နှစ်ဖြစ်ပြီး ၄င်းလွယ် ထားသော လွယ်အိတ် အတွင်းမှ သုံးလုံးချဲထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ ၃၁ဝဝဝိ/-အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမဝင် သုံးလုံးချဲထီ လောင်းကစား ပြုလုပ်သူ ဝင်းဦးအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၅၄/၂ဝ၁၅၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video