Friday, October 30, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် အောက်တိုဘာ ၂၈ ရက်နေ့ ည (၁၀း၄၀)နာရီ အချိန်ခန့်တွင် နယ်မြေအတွင်း လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် မြိုင်မြို့နယ်၊ ပန်းစွယ်ကျေးရွာနေသူ ဦးအောင်ရွှေ (၅၅)နှစ်၏ နေအိမ် တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂၈/၂ဝ၁၅)ဖြင့် ဝင်ရောက် ရှာဖွေဖမ်းဆီးရာ အိမ်ရှင် ဦးအောင်ရွှေ နှင့် တစ်ရွာတည်းနေ ဦးကြည်ရွှေ (၄၂)နှစ်၊ ဦးကျော်လင်း (၄၁)နှစ်၊ ဦးမြညို (၃၃)နှစ်၊ ဦးကျော်မိုး (၃၂)နှစ်၊ ဦးအောင်ဌေး (၅၇)နှစ်တို့ (၆)ဦးအား နေအိမ်အနောက်ဘက် အဖီတဲအတွင်း၌ ဖဲရိုက် လောင်းကစား ပြု လုပ်နေကြသည်ကို တွေ့ရှိရပြီး ဖဲလောင်းကစားရာတွင် အသုံးပြုသော ဖဲချပ် များ၊ ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ ၇၉၂ဝဝဝိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမဝင် ဖဲရိုက်လောင်းကစား ပြုလုပ်သူ အောင်ရွှေပါ(၆)ဦးအား မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်း (ပ)၇၈/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video