၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရကဖ(၁)မှူး ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် မကွေး တိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့ တွေ့ဆုံပွဲ အခမ်းအနား အား အောက်တိုဘာ ၃၀ ရက်နေ့ နံနက် (၉) နာရီအချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ မကွေး တိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ ရေနံရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ခွဲ/စုမှူးများ၊ စုစုပေါင်းအင်အား (၂၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အခမ်းအနားတွင် ရဲမှူးချုပ် မျိုးဆွေဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ဆောင်ရွက်ထားရှိမှုအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မကွေးတိုင်းဒေသကြီး ရွေးကောက် ပွဲဆိုင်ရာလုံခြုံရေး စီမံခန့် ခွဲမှု ကော်မတီဝင်များမှ အထွေထွေဆွေးနွေးခြင်း၊ ရဲမှူးချုပ် မျိုးဆွေဝင်းမှ နိဂုံးချုပ်အမှာ စကား ပြော ကြားခြင်း များဆောင်ရွက်ခဲ့ပြီး နံနက် (၁၀) နာရီအချိန် ဆွေးနွေးပွဲပြီးဆုံးခဲ့ ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment