မကွေးမြို့၊ အောက်တိုဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်မျိုးနိုင်ရပ်၊ အထက(၄)တွင် ယနေ့ နေ့လည် (၁၂) နာရီ အချိန် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းစဉ် အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ခရရမှူး(မကွေး) ဒုရဲမှူးကြီး မင်းဟန်၊ ခရိုင်/မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၃ဝဝ)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အခမ်းအနားတွင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဗိုလ်မှူးကြီး နိုင်ဦးမှ အဖွင့် အမှာစကား ပြောကြားခြင်း၊ ကော်မတီအတွင်းရေးမှူး ရဲမှူးကြီး လူလူသန်းနှင့် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်တို့မှ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ပြီး ဗိုလ်မှူးကြီး နိုင်ဦးမှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းများဆောင်ရွက်ကာ နေ့လည် (၂) နာရီခွဲအချိန် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment