Thursday, October 29, 2015



ဂန့်ဂေါ အောက်တိုဘာ ၂၇
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်ရှိသည့် ကြိုတင်ဆန္ဒမဲလက်မှတ် များအား လက္ခံရရှိပါက ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အောက်တိုဘာ ၂၇ ရက်နံနက်က စတင်ဆောင်ရွက် သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရာတင်က အမှာစကားပြော ကြားပြီး မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းလင်းက လုပ်ငန်းဆောင် ရွက်မည့် အစီအစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်းပြကာ ရောက်ရှိပြီးဖြစ်သည့် ဆန္ဒမဲလက်မှတ်များကို ကြိုတင် ဆန္ဒမဲအတွက် မဲပုံးတွင်းသို့ ထည့်သွင်းသိမ်း ဆည်းပြီး ဆက်လက်ရောက်ရှိလာမည် ကြိုတင်မဲ လက်မှတ်များ ကိုလည်းစနစ်တကျထည့်သွင်း
 ဆောင်ရွက်သွားမည်ဟုသိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲ

 ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အကူကိုယ်စားလှယ်လောင်းများ တက် ရောက်ကြသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video