Thursday, October 29, 2015
12:08 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ အောက်တိုဘာ ၂၈
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျေးရွာနေပြည်သူများ လွယ်လင့်တကူ စာပေလေ့လာ ဖတ်ရှုနိုင်ရေး သုတရသ၊ မဂ္ဂဇင်းများစာအုပ်ပြပွဲများ ပြပွဲ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ ပြသပွဲကို အောက်တိုဘာ ၂၇ ရက်နံနက်တွင် ဂန့်ဂေါမြို့နယ် ထယ်လှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်၌ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျွန်းဒတ်ကျေးရွာစာသင်ကျောင်းတွင်လည်းကောင်းကျင်းပရာ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊
ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြသည်။ ထို့ပြင် ရွေးကောက်ပွဲအကြောင်းဟောပြောပွဲ ကျင်းပရာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်အေးအေးက ရွေးကောက်ပွဲ
ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းဟောပြောကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment