Thursday, October 29, 2015
12:06 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေးအောက်တိုဘာ ၂၈
မကွေးမြို့၏ သမိုင်းဝင်စေတီတော်ဖြစ်သည့် မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင်သစ်သီးဆွမ်းနှင့် ပန်း ၉၀၀၀ကပ်လှူပွဲကိုယနေ့နံနက် (၅း၀၀)နာရီ အချိန်က ပြုလုပ်သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ၀န်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘုရားဖူးလာပြည်သူများတက်ရောက်ဆက်ကပ်လှူဒါန်းပါသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင်လည်း ဆီမီး(၉၀၀၀)နှင့် နံသာ(၉၀၀၀)ကို ဆက်ကပ်လှူဒါန်း မည်ဖြစ်ပါသည်။
သမိုင်းဝင် မြသလွန်စေတီတော်ကြီးသီတင်းကျွတ်လပြည့်အခါသမယတွင် ဆီမီး(၉၀၀၀) ပန်း(၉၀၀၀)၊ နံသာ (၉၀၀၀)ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပ ခဲ့ပြီးဘုရားပွဲတော်အဖြစ်သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁၄) ရက်နေ့ထိကျင်းပခဲ့ရာ ယခုနှစ်တွင် ဘုရားပွဲတော်ကို တစ်ပတ်ခန့်စော၍ ဖွင့်လှစ်ခဲ့သဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment