Thursday, October 29, 2015



မင်းဘူး အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် ပညာရေးမှူးရုံး၏ ဦးဆောင်မှု၊ မင်းဘူးမြို့နယ်ကြက်ခြေနီ အသင်းမှကြီးကြပ်၍ ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ
 (၂၈)ရက်နေ့ နံနက်(၉)နာရီက ရွာသာယာကျေးရွာ အ.ထ.ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ဒု-ပညာရေးမှူး ဦးမောင်မောင်သိန်းမှ အဖွင့်အမှာ စကားပြောကြားရာတွင်
 ဘေးဒုက္ခရောက်နေသူများကို လူမျိုး/ဘာသာမရွေး ကူညီစောင့်ရှောက်နိုင်ရန်၊အခြေခံ ရှေးဦးပြုစုခြင်းကို ကျွမ်းကျင်စွာတတ်မြောက်စေရန်နှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့) ဘာသာရပ်များကို တတ်မြောက် စေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း စသည်ဖြင့်
 ပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီအသင်း မှ တပ်ဖွဲ့မှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်း လင်းပြောကြားခဲ့ကာ ဖွင့်ပွဲအခမ်းအနား အားရုပ်သိမ်း၍ သင်တန်းအား စတင်ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ မင်းဘူးမြို့နယ် ရွာသာယာကျေးရွာ အ.ထ.ကကျောင်းမှ ကင်းထောက်လူငယ် (၁၃၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၂၇)ရက်နေ့မှ နိုဝင်ဘာလ (၁)ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video