Wednesday, December 30, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ချောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့် ချောက်မြို့၊ အမှတ်(၁၄) ရပ်ကွက်၊ ပျဉ်းမဗိုလ်အိမ်ကုန်းရပ်နေ မနွယ်(ခ) မမေသက်နွယ် (၄၂)နှစ်၏ နေအိမ် တွင် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်း ကစား ဖမ်းဝရမ်း အမှတ် (၁၆/၂၀၁၅)ဖြင့် မနွယ်(ခ) မမေသက်နွယ်၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ မနွယ်မှာ ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းနေအိမ်မြောက်ဘက် ကပ်လျက်ရှိ ဒေါ်အေးမွန်၏ နေအိမ်ဝိုင်းအတွင်း ဖမ်းဆီးရမိပြီး ဒေါ်အေးမွန် နေအိမ် ခေါင်းရင်းရှိ အမှိုက် စွန့်ပေပါ အတွင်းသို့ မနွယ်မှ လွှင့်ပစ်ခဲ့သည့် အဖြူရောင် ကြွှပ်ကြွှပ်အိတ် အတွင်းမှ နှစ်လုံးထီ/သုံးလုံး ချဲထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ နှင့် လောင်းကြေး ငွေစက္ကူရောရာ (၃၅၅,၄၂၀-/ ကျပ်)တို့အား သိမ်းဆည်းရမိ သဖြင့် မနွယ်(ခ) မမေသက်နွယ် အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၈၈/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

အလားတူ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည (၆)နာရီ (၁၅)မိနစ် အချိန်ခန့် တောင်တွင်းကြီးမြို့နယ်၊ ၀က္ကသေးကျေးရွာနေ ပန်းမွေး (ခ)မင်းအောင် (၄၁)နှစ်၏ နေအိမ် တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်း ကစား ဖမ်းဝရမ်းအမှတ် (၃၅/၂၀၁၅) ဖြင့် ပန်းမွှေး (ခ) မင်းအောင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ပန်းမွှေး(ခ) မင်းအောင် အား နေအိမ်ခြံဝန်းအတွင်း တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် အကျီင်္အိတ်ကပ် အတွင်းမှ နှစ်လုံးထီ ဂဏ္ဍန်းများနှင့် ငွေတန်ဖိုးများ ရေးသားထားသည့် စာရွက်(၁)ရွက်၊ ဆင်းကဒ်(၂)ကဒ်ပါ ဟန်းဆက် (၁)လုံး၊ ငွေစက္ကူရောရာ (၁၀,၂၀၀-/ ကျပ်)၊ ဘောပင် (၁)ချောင်းတို့အား ရှာဖွေတွေ့ရှိသဖြင့် ပန်မွှေး (ခ) မင်းအောင်အား တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း (ပ)၁၄၆/၂၀၁၅၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ လ ၂၉ ရက်နေ့ နံနက် (၇)နာရီအချိန်ခန့် မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာ တောအတွင်း ကုန်းအဆင်းတွင် နောက်တွဲပါ ထွန်စက်တစ်စီး တိမ်းမှောက်နေကြောင်း မီးလောင် ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းမှ ဖုန်းဖြင့် အကြောင်းကြားလာ သဖြင့် သက်သေများနှင့်အတူ သွှားရောက် စစ်ဆေးရာ ၂၈.၁၂.၂၀၁၅ ရက်နေ့ ည (၈)နာရီ အချိန်ခန့်တွင် မင်းလှမြို့နယ်၊ မကျီးကုန်း ကျေးရွာနေ ယာဉ်မောင်း မောင်ထိန် (၂၂)နှစ်သည် ထွန်စက် နောက်တွဲတွင် ၀ါးများ တင်ဆောင်၍ မီးလောင်ကုန်း ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကုန်းအဆင်း၌ ထွန်စက်ဂီယာ ပြုတ်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာမှ မောင်ထိန်နှင့် ထွန်စက် နောက်တွဲတွင် လိုက်ပါလာသူ မင်းလှမြို့နယ်၊ တောင်ငရုတ်ကောင်း ကျေးရွာနေသူ မောင်ခိုင် (၂၂)နှစ် ဒဏ်ရာများဖြင့် နှစ်ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယာဉ်အား မဆင်မခြင်မောင်း နှင်သူ မောင်ထိန်အား မင်းလှမြို့နယ်၊ ရေနံမ နယ်မြေရဲစခန်း ယာဉ်(ပ) ၂၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


Monday, December 28, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်းတားရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် (၆)နာရီအချိန်ခန့် မင်းတုန်းမြို့နယ်၊ လယ်ကြီးဒေါင့်ကျေးရွာ အနီး ဇော်ဂျီချောင်း တောလမ်းအဆင်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မင်းတုန်းမြို့နယ်၊ လယ်ကြီးဒေါင့် ကျေးရွာနေသူ ညီညီ (၃၇)နှစ်မောင်းနှင်လာသော 2H/xxx၊ FORLAND အပြာရောင် ဖောယာဉ်သည် လယ်ကွင်း မှ ကောက်ရိုး များ တင်ဆောင်ပြီး ရွာသို့ပြန်လည်မောင်းနှင်လာစဉ် ဇော်ဂျီချောင်း အဆင်းတွင် ဘရိတ် ပေါက်ကာ လမ်း ယာဘက်သို့ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်ပါ တစ်ရွာတည်းနေ ကိုမိုး (၄၄)နှစ် အပါအ၀င် ကျား(၄) ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ညီညီအား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။





၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် (၈)နာရီခွဲအခိျန်ခန့် ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၊ တမာတန်းရပ်၊ ချောက်-စဥ့်ကူးသွား ကားလမ်း မိုင်တိုင်အမှတ် ၂၀/၇ နှင့် ၂၁ အကြား တွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ချောက်မြို့ တွင်းဘက်မှ စဥ့်ကူးမြို့ဘက်သို့ မကွေးမြို့ ၊ အောင်မေတ္တာရပ်ကွက်၊ (၄)လမ်းနေသူ ခင်မောင်ဝင်း (၅၅)နှစ်မောင်းနှင်သော ၆ဃ/xxxx Carina အဖြူရောင် ယာဉ်သည် ၄င်းလမ်းအတိုင်း ရှေ့တွင် မောင်းနှင်နေသော ချောက်မြို့၊ ကွက်သစ်အနောက် ရပ်ကွက်နေ သူ မြင်းလှည်းမောင်း ဦးတင်မြတ် (၅၁) နှစ်၏ မြင်းလှည်းအမှတ်(xx)အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက် တိုက်မိသဖြင့် မြင်း လှည်းပေါ်ပါ မြင်းလှည်းမောင်း ဦးတင်မြတ်နှင့် ခရီးသည် ချောက်မြို့၊ အမှတ်(၂) ရပ်ကွက်နေသူ ဒေါ်မြသန်း(၇၈)နှစ် အပါအ၀င် အမျိုးသမီး (၄)ဦး၊ ပေါင်း(၅)ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိ ရ သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ခင်မောင်ဝင်းအား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၄၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် (၃)နာရီ (၅၀)မိနစ် အချိန်ခန့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား ရွာအနီး ချောင်းနက်-နေပြည်တော်သွားကားလမ်း မိုင်တိုင်အမှတ် ၆၃/၄ နှင့် ၆၃/၅ အကြားတွင် ယာဉ် တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ချောင်းနက်ကျေးရွာမှ နေပြည်တော်သို့ တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေသူ မိုးသီဟထက် (၂၂)နှစ် မောင်းနှင်လာသော ၄၂ယ/xxxx ၊ YAMASTAR 110 အနက်ရောင် ဆိုင်ကယ် သည် ရှေ့တွင် မောင်းနှင်နေသော တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေသူ မျိုးမင်းစိုး (၂၂) နှစ်မောင်းနှင်သည့် ၉ဌ/xxxxx လေးလုံးထိုး ထော်လာဂျီ အပြာရောင်ယာဉ်အား အရှိန် မထိန်းနိုင် ဘဲ နောက်မှ ၀င်ရောက် တိုက်မိ သဖြင့် မိုးသီဟထက်တွင် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မိုးသီဟထက်အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေ ရဲစခန်း ယာဉ်(ပ)၃၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


Saturday, December 26, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လေးရွာကျေးရွာနေသူ သိန်းဇော် (၄၀)နှစ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်ခန့် ၄င်း၏နေအိမ် အနောက်ဘက် (၅)ပေခန့် အကွာရှိ ၂x၂ ပင်၊ မြေစိုက်၊ သက္ကယ်မိုး၊ ထရံကာ၊ မီးဖိုတဲနှင့် (၃)တောင်ခန့် အကွာတွင် ခြံအတွင်းရှိ အမှိုက်များအား မီးရှို့ထားရာမှ မီးငြိမ်းသတ်မှု မရှိဘဲ ပေါ့ဆစွာ ထားရှိသဖြင့် မီးဖိုတဲအား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ လင်းဇင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၃)ဦး၊ အရန်မီးသတ် (၃၅)ဦး၊ ကျေးရွာသူ/သား (၁၀၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ၁၀၂၀ အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး-၁၀၀၀၀ိ/-ခန့် မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ သိန်းဇော် အား အရေးယူ ပေးပါရန် ၂၅.၁၂.၂၀၁၅ ရက်နေ့ ၁၃၃၀ အချိန် ရဲအုပ် ကျော်ရွှေမှတရားလိုပြုလုပ် တိုင်တန်း သဖြင့် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း (ပ)၄၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ည (၆)နာရီခွဲ အချိန်ခန့် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နတ်မောက် - မြို့သစ် ကားလမ်းအတိုင်း နတ်မောက် မြို့တွင်းဘက်မှ မြို့သစ်မြို့ဘက်သို့ ရန်ကုန် တိုင်းဒေသကြီး၊ တောင် ဥက္ကလာပ မြို့နယ်၊ အမှတ်(၉) ရပ်ကွက်နေသူ ဖြိုးမြတ်စိုးအောင် (၃၄)နှစ် မောင်းနှင်သော 6I/xxxx HONDA WAVE ခဲရောင် ယာဉ်သည် လမ်း၏၀ဲဘက်ရှိ ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက် လမ်းသွယ်သို့ ရုတ်တရက်ချိုးကွေ့စဉ် ၄င်းလမ်းအတိုင်း လားရာတူ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာနေသူ ၀င်းလွင်(၂၅)နှစ် မောင်းနှင်ပြီး နောက်မှ အမျိုးသမီး နှစ်ဦး လိုက်ပါ စီးနင်းလာသည့် CZI-125 အနက်ရောင် ဆိုင်ကယ်မှ အရှိန်ဖြင့် ကျော်တက်စဉ် ၀င်ရောက် တိုက်မိသဖြင့် ၀င်းလွင်ပါ(၃)ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်း နှင်သူ ဖြိုးမြတ်စိုးအောင်နှင့် ၀င်းလွင်တို့အား နတ်မောက်မြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ)၈၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ည (၇)နာရီခွဲအချိန်ခန့် ပခုက္ကူမြို့နယ်၊ ပြည့်ဝကျေးရွာအနီး ဂန့်ဂေါ-ပုလဲ ကားလမ်း မိုင်တိုင် အမှတ် ၁၀၉/၁ နှင့် ၁၀၉/၂ အကြားတွင် ဆိုင်ကယ် တိမ်းမှောက်ကြောင်း သတင်းအရ သက်သေ များနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ပြည့်ဝကျေးရွာဘက်မှ ဂန့်ဂေါမြို့ဘက်သို့ ဂန့်ဂေါမြို့၊ ကျောတိုက် ရပ်ကွက်နေသူ မြင့်ဌေး(၅၀)နှစ် တစ်ဦးတည်း မောင်းနှင်သော ၃၉ယ/xxxxx၊ NEW ANBO-125 အနက်ရောင် ဆိုင်ကယ်သည် ရှေ့မှမောင်းနှင် နေသော ယာဉ်အား ကျော် တက်စဉ် အရှိန်မထိန်းနိုင် ဘဲ ဆိုင်ကယ် လက်ကိုင် ခေါက်၍ လဲကျတိမ်းမှောက်ပြီး မြင့်ဌေးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မြင့်ဌေးအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့် ပခုက္ကူမြို့နယ်၊ ဆင်ချောင်းကျေးရွာအနီး ပခုက္ကူ-ပေါက် ကားလမ်း မိုင်တိုင်အမှတ် (၃/၃)တွင် ယာဉ်ပေါ်မှ လူတစ်ဦး ပြုတ်ကျ သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ ပေါက်မြို့ဘက်သို့ မြိုင်မြို့နယ်၊ ကိုင်းတောမ ကျေးရွာနေသူ ယာဉ်မောင်း စန်းထွန်း (၄၁)နှစ် မောင်းနှင်သော 4J/xxxx TOYOTA DYNA LIGHT TRUCK အဖြူရောင် ယာဉ်သည် ဆန်အိတ်များတင်၍ မောင်းနှင်လာစဉ် ယာဉ်နောက် အဖျားတွင် မရိုးကုန်း ကျေးရွာမှ လယ်ယာ ကျေးရွာသို့ ခရီးအကြုံ လိုက်ပါလာသော မရိုးကုန်း ကျေး ရွာနေသူ ဒေါ်ခင်ထွေး (၇၀)နှစ်သည် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာ တွင် သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ စန်းထွန်း အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၉၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

Thursday, December 24, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်ခန့် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂၆/၂၀၁၅) ဖြင့် ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက် နေသူ ဦးသန်းဆွေ (၅၂)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နှစ်လုံး/ သုံးလုံးထီ လောင်းကစား ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ လောင်းကြေး ငွေစက္ကူ ရောရာ ၁၁၁၅၅၀ိ/- တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံး/သုံးလုံးထီ လောင်း ကစား ပြုလုပ်သူ သန်းဆွေအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၆၃/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ(၄)နာရီ(၅)မိနစ် အချိန်ခန့် မင်းဘူးမြို့၊ အမှတ်(၁) တမာတန်း ရပ်ကွက်ရှိ ဆားပွက်ချောင်း တံတားထိပ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်း အရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ မင်းဘူး-မကွေး ကားလမ်းအတိုင်း မင်းဘူးမြို့တွင်းမှ မကျီးသုံးပင်ရွာဘက်သို့ မင်းဘူး မြို့နယ်၊ မကျီးသုံးပင် ကျေးရွာနေသူ စိုးဝင်း (၅၁)နှစ် မောင်းနှင်သော ဆန်အိတ်များနှင့် ခရီးသည် (၂၅)ဦး တင်ဆောင်လာသော 6E/xxxx Canter အဖြူရောင်ယာဉ်သည် တမာတန်း လမ်းသွယ်မှ မင်းဘူး-မကွေး ကားလမ်းမပေါ်သို့ ဖြတ်တက် လာသော မင်းဘူးမြို့နယ်၊ ကျောက်တန်း ကျေးရွာနေသူ ၀င်းမောင် (၅၉)နှစ် မောင်းနှင်သည့် 42,^xxxxx FOLLOWME 150 နက်မီးခိုး ရောင် ဆိုင်ကယ်နှင့် ပွတ်တိုက်မိပြီး ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၂၅)ဦးအနက် မင်းဘူးမြို့နယ်၊ မကျီးသုံးပင် ရွာနေသူများ ဖြစ်ကြသော ကိုဇော် (၃၂)နှစ် အပါအ၀င် ကျား(၆)ဦး၊ မ(၁၁)ဦးနှင့် ဆိုင်ကယ်မောင်းသူ ဦးဝင်းမောင် တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးစိုးဝင်းနှင့် ဆိုင်ကယ် မောင်းနှင်သူ ဦးဝင်းမောင်တို့အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လည် (၁၁)နာရီ (၄၅)မိနစ်အချိန်ခန့် ချောက်မြို့နယ်၊ မိုလာကျေးရွာအနီး ချောက်-ဂွေးချို ကားလမ်း မိုင်တိုင် အမှတ်(၄၀၂/၁ နှင့် ၄၀၂/၂)အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ဆေးချက် အရ ၄င်းလမ်း အတိုင်း ချောက်မြို့ တွင်းမှ ဂွေးချိုဘက် သို့ ချောက်မြို့နယ်၊ ကတောက်ကျောင်း ကျေးရွာနေသူ မြင့်ငွေ (၃၅)နှစ် မောင်းနှင်ပြီး နောက်မှ ညီဖြစ်သူ မောင်မြင့် (၂၈)နှစ် လိုက်ပါသည့် ကန်ဘို ၁၁၀ ဆိုင်ကယ်အား ၄င်းလမ်းအတိုင်း ဂွေးချိုဘက်မှ ချောက်မြို့တွင်းဘက်သို့ ပြည်မြို့၊ မာန်အောင် ရပ်ကွက်နေသူ ယာဉ်မောင်း မောင်မောင်ကြီး (၄၄)နှစ် မောင်းနှင်လာသော 2E/xxxx နစ်ဆန်း (၂၂)ဘီးတွဲ ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိသဖြင့် မောင်မြင့်တွင် နှင့် မြင့်ငွေ တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်မောင်ကြီး အား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

Tuesday, December 22, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည(၁၁)နာရီ (၂၀)မိနစ်အချိန်ခန့် သက်သေများ နှင့်အတူ နယ်မြေ လှည့်ကင်း ဆောင်ရွက်နေစဉ် အောင်လံမြို့၊ တရော်ကုန်း ရပ်ကွက်၊ တိုးချဲ့(၁)လမ်း အရောက်တွင် စက်ရုံ ရပ်ကွက်နေ ကျော်နိုင် (ခ)ကိုကိုအောင် (၁၈)နှစ်အား အဖြူရောင် ကျားစီး စက်ဘီး (၁)စီး နှင့်အတူ တွေ့ရှိရပြီး စက်ဘီးမှာ သော့ခတ် ထားလျက် တွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ စက်ဘီးနှင့် ပတ်သက်၍ ၎င်းပိုင် ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသဖြင့် နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိရ၍ ကျော်နိုင်(ခ) ကိုကိုအောင် အား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၉၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ သားမျှား လှုပ်ရှားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့် သားမျှားဘူတာ ကျေးရွာနေ ကျော်သက်ဦး (ခ)၀က်ကြီး (၃၅)နှစ်သည် မိမိလည်ပင်းကို ကိုယ်တိုင် ဓါးဖြင့်လှီးသဖြင့် ဒဏ်ရာ ရရှိကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ကျော်သက်ဦး (ခ)၀က်ကြီး သည် အရက်အလွန် အကျွံ သောက်စား၍ အရက်ကြောင်ကြောင်ပြီး အရိုး(၄)လက်မ၊ အသွား(၄) လက်မ၊ ဗျက်(၁) လက်မခန့်ရှိ အ၀ါရောင် ကော်ရိုးတပ် စတီးဓါးဖြင့် မိမိကိုယ်ကို လည်ပင်းအား လှီးဖြတ်ရာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ကျော်သက်ဦး (ခ)၀က်ကြီးအား နတ်မောက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၂၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်မေတ္တာ(အေ) ရပ်ကွက်၊ (၁၅)လမ်းနေသူ ဒေါ်စောမွန် (၃၇)နှစ်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညခင်း (၈)နာရီ (၄၅)မိနစ်အချိန် ခန့်တွင် အိမ်လခ မပေးနိုင်သည့် အတွက် အရက်မူးပြီး ၎င်းငှားရမ်း နေထိုင်လျှက်ရှိသည့် အောင်မေတ္တာ (အေ)ရပ်ကွက်၊ (၈) လမ်းနေသူ ဒေါ်မြကြည် (၄၉)နှစ် ပိုင်ဆိုင်သော (၃x၃)ပင် ၊မြေစိုက်၊ သွပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်းနေ အိမ် အနောက်ဘက်ခြမ်းရှိ ထရံအား ဖယောင်းတိုင်မီးဖြင့် မီးရှို့ရာမှ နေအိမ်ထရံနှင့် မြင့်မိုရ်ပိတ် ထရံတို့အား မီးကူးစက် လောင်ကျွမ်း ခဲ့သဖြင့် မီးလောင်ရာသို့ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင် (၃၀)ဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပြည်သူ (၆၀)ဦးခန့်တို့မှ မီးသတ်ယာဉ် (၆)စီးဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ည(၈)နာရီ (၅၅)မိနစ်အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စုစုပေါင်းတန်ဖိုး ၃၀၀၀၀ိ/-ခန့် ဆုံးရှုံးခဲ့သဖြင့် ငှားရမ်းနေထိုင်သော နေအိမ်အား မီးရှို့သူ ဒေါ်စောမွန်အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း (ပ)၃၀၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီင်္ဇင်ဘာလ ၂၁ ရက်နေ့ ညနေ (၄)နာရီ (၄၀)မိနစ် အချိန်ခန့် အမှတ်(၁) ပေါက်တံတား ပေါ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ  နေပြည်တော် မုဒုံမောင်မောင်ကုမ္ပဏီမှ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် မြစ်သာ ဆည်ရှိ (၁၀)ဘီးကားများ အသုံးပြုမည့် ကားတာယာများ ပို့ဆောင်ရန်အတွက် ပခုက္ကူ-ပေါက် ကားလမ်း အတိုင်း နေပြည်တော်ဘက်မှ ဂန့်ဂေါဘက်သို့ လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာနေသူ ယာဉ်မောင်း ဝေလင်းဦး (၂၁)နှစ် မောင်းနှင်သည့် ၆ဂ/xxxx WOHO SINO အဖြူရောင် (၁၀) ဘီး ယာဉ် သည် အမှတ်(၁) ပေါက်တံတား (အုန်းတောတံတား) တိုင်အမှတ် ပီ ၉နှင့် ပီ ၁၀ ကြား အရောက်တွင် ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတားမြောက်ဘက်ခြမ်းရှိ လက်ရန်း တိုင်အား တိုက်မိပြီး အုန်းတောချောင်း အတွင်းသို့ ပြုတ်ကျ တိမ်းမှောက်ခဲ့ရာ ဝေလင်းဦးနှင့် ယာဉ်ပေါ် လိုက်ပါလာသူ မန္တလေး တိုင်းဒေသကြီး၊ ကူမဲမြို့နယ်၊ ချမ်းငြိမ်းသာ ကျေးရွာ နေသူများ ဖြစ်ကြသော စိုင်းကျော်ခိုင် (၂၂)နှစ် အပါအ၀င် ကျား(၃)ဦး၊ မ(၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဝေလင်းဦး အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၁/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့် နတ်မောက်မြို့၊ မြို့မရပ်ကွက်၊ နတ်မောက်- ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် (၂၈)တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ မေတ္တာမွန်လမ်းအတိုင်း ဈေးရပ်ကွက် ဘက်မှ မြို့မရပ်ကွက် ဘက်သို့ နတ်မောက် မြို့၊ ဈေးရပ်ကွက်နေ မမြပုလဲသွယ် (၂၇)နှစ် မောင်းနှင်ပြီး နောက်တွင် သမီး မရှမ်းရှမ်း (၅)နှစ် လိုက်ပါ လာသော ၁၇ယ/xxxxx YinXing 110 အစိမ်းရောင် ဆိုင်ကယ်သည် နတ်မောက်-ပျော်ဘွယ် ကားလမ်းပေါ်သို့ ချိုးကွေ့စဉ် နတ်မောက်-ပျော်ဘွယ် ကားလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ နတ်မောက်မြို့ နယ်၊ ပန်းတော်ကျင်း ကျေးရွာနေသူ မြင့်ဇော် (၃၄)နှစ် မောင်းနှင်သော 9G/xxxx ISUZU စိမ်းဝါရောင် ယာဉ်အား တိုက်မိပြီး မမြပုလဲသွယ်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မမြပုလဲသွယ်အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၈၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

Monday, December 21, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ တာဘောင်ကြီးလမ်း၊ ရုံးရပ်မြောက်ပိုင်း၊ မူကြိုကျောင်းရှေ့ တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည (၇း၄၀) အချိန်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ကြောင်း သတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာနေ အောင်လွင် (၄၉) နှစ်မောင်းနှင်ပြီး နောက်တွင် ၄င်း၏ဇနီး မအေးမြင့်ဦး(၄၉)နှစ် လိုက်ပါလာသည့် ၄၃ယ/xxx၊ နံပါတ်ပါ Follow Me-125 အစိမ်း ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ဂိတ်တဲအား ဝင်ရောက်တိုက်မိရာ အောင်လွင်တွင် နဖူး ပေါက်ပြဲ၊ ပါးစပ်နှင့် နားတို့မှသွေးထွက်ဒဏ်ရာရရှိ သေဆုံးသွားပြီး မအေးမြင့်ဦး တွင် ဦးခေါင်းပေါက်ပြဲ ၊ ကျောပြင်နာကျင် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ အောင်လွင် အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည (၇း၄၅) အချိန်တွင် မင်းလှမြို့နယ်ဆေးရုံတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ လူနာ(၂)ဦး ရောက်ရှိ နေကြောင်းသတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မင်းဘူးဘက်မှ မင်းလှဘက်သို့ မင်းလှမြို့နယ်၊ လင်းကယ်ကျေးရွာနေ ဝင်းခိုင်(၄၅)နှစ် မောင်းနှင်သည့် ၂ဝယ/xxx ၊ ကန်ဘို၁၂၅ အနက်ရောင်ဆိုင်ကယ်သည် မကွေး-မင်းလှ ကားလမ်း မိုင်တိုင်အမှတ် ၁၆/၄ အရောက်တွင် မျက်နှာချင်းဆိုင်မှလာသော မင်းဘူးမြို့နယ်၊ ချောင်းကောက်ကျေးရွာနေ ကျော်မင်း (၂၈)နှစ် မောင်း နှင်ပြီး နောက်တွင် မကြူကြူမာ(၂၈) နှစ် လိုက်ပါလာသည့် ၁ဝယ/xxx ၊ ကန်ဘို-၁၂၅ နက်ပြာ ရောင်ဆိုင်ကယ်အား ဝင်းခိုင်မောင်းနှင်သည့် ဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောအတွင်း ဝင်ရောက်တိုက်မိခဲ့၍ ဝင်းခိုင်တွင် ယာဘက်ခြေချောင်း ပေါက်ပြဲ၊ ယာနားရွက်/နှာခေါင်းသွေးထွက် ရရှိသေ ဆုံးသွားပြီး ကျော်မင်းတွင် မေးစေ့ပေါက်ပြဲ၊ ယာနားပွန်း၊ ဝဲလက်ဖျံပွန်း၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဝင်းခိုင်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၃၉/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံ-တောင်တွင်းကြီး ကားလမ်း၊ မိုင်တိုင် အမှတ် ၂၄၃/၇ နှင့် ၂၄၄/ဝ အကြား ဂွေးချိုကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် (၉း၁၅) အချိန် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဧကရာဇ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ လှေဝန်းကျေးရွာဘက်မှ အောင်လံမြို့ ဘက်သို့ ဆင်ပေါင်ဝဲမြို့နယ် ၊ လှေဝန်းကျေးရွာနေ ဇော်လင်း (၃၅)နှစ်မောင်းနှင်သည့် 6H/xxx၊ ISUZU အမျိုးအစား၊ ခဲရောင် (၆) ဘီးယာဉ် သည် ပဲစဉ်းငုံအိတ် (၄ဝ)နှင့် ခရီးသည် ယာဉ်မောင်းပါ ကျား ၁၆ ဦး၊ မ ၁၉ ဦး၊ ပေါင်း ၃၅ဦး အား တင်ဆောင် မောင်းနှင်လာစဉ် အရှိန်လွန်ပြီး ယာဉ်တိမ်း မှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ဆင်ပေါင်ဝဲ မြို့နယ် ၊ လှေဝန်းကျေးရွာနေသူများဖြစ်သော ကိုခင်ဇော် (၄ဝ)နှစ်၊ မသန်းမာ(၃၂)နှစ်တို့ ၂ ဦးမှာ သေဆုံးသွားပြီး ယာဉ်မောင်းပါ လှေဝန်းရွာနေ မပန်းအိရှယ် (၂၄)နှစ်ပါ ကျား ၁၅ ဦး၊ မ ၁၈ ဦး၊ ပေါင်း ၃၃ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဇော်လင်းအား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်းယာဉ်(ပ) ၂၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 
 



Sunday, December 20, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့် စလင်းမြို့နယ်၊ လက်ပံကျင်း ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
စစ်ဆေးချက်အရ လက်ပံကျင်းကျေးရွာနေသူ ဒေါ်တင်အေး (၆၀)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ စတင်လောင်ခဲ့ရာ အနီးရှိ နေအိမ်(၂၀)လုံး၊ နွားတင်းကုတ် (၁၁)လုံးတို့အား မီးကူးစက် လောင်ကျွမ်း ခဲ့ပြီး မီးလောင်ရာ နေရာသို့ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင် (၂၃)ဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်မီးသတ် (၁၀)ဦး၊ ကျေးရွာသူ/သား (၅၀)ဦးခန့်တို့မှ မီးသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ ၁၁၁၀ အချိန် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တန်ဘိုး(၁၃)သိန်းခန့် ဆုံးရှုံး သွားခဲ့ကြောင်း၊ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ ကျား(၃၇)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း (၆၈)ဦး မီးဘေးသင့်ခဲ့၍ ကျေးရွာ ဘုန်းတော် ကြီးကျောင်းနှင့် ကျေးရွာ အမကကျောင်းတို့တွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ထားရှိကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်တင်အေး အား စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း (ပ)၄၀/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။

Find Us on Facebook

Popular Posts

Video