Tuesday, December 22, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည(၁၁)နာရီ (၂၀)မိနစ်အချိန်ခန့် သက်သေများ နှင့်အတူ နယ်မြေ လှည့်ကင်း ဆောင်ရွက်နေစဉ် အောင်လံမြို့၊ တရော်ကုန်း ရပ်ကွက်၊ တိုးချဲ့(၁)လမ်း အရောက်တွင် စက်ရုံ ရပ်ကွက်နေ ကျော်နိုင် (ခ)ကိုကိုအောင် (၁၈)နှစ်အား အဖြူရောင် ကျားစီး စက်ဘီး (၁)စီး နှင့်အတူ တွေ့ရှိရပြီး စက်ဘီးမှာ သော့ခတ် ထားလျက် တွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ စက်ဘီးနှင့် ပတ်သက်၍ ၎င်းပိုင် ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသဖြင့် နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိရ၍ ကျော်နိုင်(ခ) ကိုကိုအောင် အား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၉၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video