၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လည် (၁၁)နာရီ (၄၅)မိနစ်အချိန်ခန့် ချောက်မြို့နယ်၊ မိုလာကျေးရွာအနီး ချောက်-ဂွေးချို ကားလမ်း မိုင်တိုင် အမှတ်(၄၀၂/၁ နှင့် ၄၀၂/၂)အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွား ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ဆေးချက် အရ ၄င်းလမ်း အတိုင်း ချောက်မြို့ တွင်းမှ ဂွေးချိုဘက် သို့ ချောက်မြို့နယ်၊ ကတောက်ကျောင်း ကျေးရွာနေသူ မြင့်ငွေ (၃၅)နှစ် မောင်းနှင်ပြီး နောက်မှ ညီဖြစ်သူ မောင်မြင့် (၂၈)နှစ် လိုက်ပါသည့် ကန်ဘို ၁၁၀ ဆိုင်ကယ်အား ၄င်းလမ်းအတိုင်း ဂွေးချိုဘက်မှ ချောက်မြို့တွင်းဘက်သို့ ပြည်မြို့၊ မာန်အောင် ရပ်ကွက်နေသူ ယာဉ်မောင်း မောင်မောင်ကြီး (၄၄)နှစ် မောင်းနှင်လာသော 2E/xxxx နစ်ဆန်း (၂၂)ဘီးတွဲ ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိသဖြင့် မောင်မြင့်တွင် နှင့် မြင့်ငွေ တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်မောင်ကြီး အား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment