၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ(၄)နာရီ(၅)မိနစ် အချိန်ခန့် မင်းဘူးမြို့၊ အမှတ်(၁) တမာတန်း ရပ်ကွက်ရှိ ဆားပွက်ချောင်း တံတားထိပ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်း အရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မင်းဘူး-မကွေး ကားလမ်းအတိုင်း မင်းဘူးမြို့တွင်းမှ မကျီးသုံးပင်ရွာဘက်သို့ မင်းဘူး မြို့နယ်၊ မကျီးသုံးပင် ကျေးရွာနေသူ စိုးဝင်း (၅၁)နှစ် မောင်းနှင်သော ဆန်အိတ်များနှင့် ခရီးသည် (၂၅)ဦး တင်ဆောင်လာသော 6E/xxxx Canter အဖြူရောင်ယာဉ်သည် တမာတန်း လမ်းသွယ်မှ မင်းဘူး-မကွေး ကားလမ်းမပေါ်သို့ ဖြတ်တက် လာသော မင်းဘူးမြို့နယ်၊ ကျောက်တန်း ကျေးရွာနေသူ ၀င်းမောင် (၅၉)နှစ် မောင်းနှင်သည့် 42,^xxxxx FOLLOWME 150 နက်မီးခိုး ရောင် ဆိုင်ကယ်နှင့် ပွတ်တိုက်မိပြီး ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၂၅)ဦးအနက် မင်းဘူးမြို့နယ်၊ မကျီးသုံးပင် ရွာနေသူများ ဖြစ်ကြသော ကိုဇော် (၃၂)နှစ် အပါအ၀င် ကျား(၆)ဦး၊ မ(၁၁)ဦးနှင့် ဆိုင်ကယ်မောင်းသူ ဦးဝင်းမောင် တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးစိုးဝင်းနှင့် ဆိုင်ကယ် မောင်းနှင်သူ ဦးဝင်းမောင်တို့အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment