၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ သားမျှား လှုပ်ရှားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့် သားမျှားဘူတာ ကျေးရွာနေ ကျော်သက်ဦး (ခ)၀က်ကြီး (၃၅)နှစ်သည် မိမိလည်ပင်းကို ကိုယ်တိုင် ဓါးဖြင့်လှီးသဖြင့် ဒဏ်ရာ ရရှိကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ကျော်သက်ဦး (ခ)၀က်ကြီး သည် အရက်အလွန် အကျွံ သောက်စား၍ အရက်ကြောင်ကြောင်ပြီး အရိုး(၄)လက်မ၊ အသွား(၄) လက်မ၊ ဗျက်(၁) လက်မခန့်ရှိ အ၀ါရောင် ကော်ရိုးတပ် စတီးဓါးဖြင့် မိမိကိုယ်ကို လည်ပင်းအား လှီးဖြတ်ရာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ကျော်သက်ဦး (ခ)၀က်ကြီးအား နတ်မောက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၂၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment