Saturday, December 26, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ည (၆)နာရီခွဲ အချိန်ခန့် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နတ်မောက် - မြို့သစ် ကားလမ်းအတိုင်း နတ်မောက် မြို့တွင်းဘက်မှ မြို့သစ်မြို့ဘက်သို့ ရန်ကုန် တိုင်းဒေသကြီး၊ တောင် ဥက္ကလာပ မြို့နယ်၊ အမှတ်(၉) ရပ်ကွက်နေသူ ဖြိုးမြတ်စိုးအောင် (၃၄)နှစ် မောင်းနှင်သော 6I/xxxx HONDA WAVE ခဲရောင် ယာဉ်သည် လမ်း၏၀ဲဘက်ရှိ ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက် လမ်းသွယ်သို့ ရုတ်တရက်ချိုးကွေ့စဉ် ၄င်းလမ်းအတိုင်း လားရာတူ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာနေသူ ၀င်းလွင်(၂၅)နှစ် မောင်းနှင်ပြီး နောက်မှ အမျိုးသမီး နှစ်ဦး လိုက်ပါ စီးနင်းလာသည့် CZI-125 အနက်ရောင် ဆိုင်ကယ်မှ အရှိန်ဖြင့် ကျော်တက်စဉ် ၀င်ရောက် တိုက်မိသဖြင့် ၀င်းလွင်ပါ(၃)ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်း နှင်သူ ဖြိုးမြတ်စိုးအောင်နှင့် ၀င်းလွင်တို့အား နတ်မောက်မြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ)၈၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video