၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လေးရွာကျေးရွာနေသူ သိန်းဇော် (၄၀)နှစ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်ခန့် ၄င်း၏နေအိမ် အနောက်ဘက် (၅)ပေခန့် အကွာရှိ ၂x၂ ပင်၊ မြေစိုက်၊ သက္ကယ်မိုး၊ ထရံကာ၊ မီးဖိုတဲနှင့် (၃)တောင်ခန့် အကွာတွင် ခြံအတွင်းရှိ အမှိုက်များအား မီးရှို့ထားရာမှ မီးငြိမ်းသတ်မှု မရှိဘဲ ပေါ့ဆစွာ ထားရှိသဖြင့် မီးဖိုတဲအား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ လင်းဇင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၃)ဦး၊ အရန်မီးသတ် (၃၅)ဦး၊ ကျေးရွာသူ/သား (၁၀၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ၁၀၂၀ အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး-၁၀၀၀၀ိ/-ခန့် မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ သိန်းဇော် အား အရေးယူ ပေးပါရန် ၂၅.၁၂.၂၀၁၅ ရက်နေ့ ၁၃၃၀ အချိန် ရဲအုပ် ကျော်ရွှေမှတရားလိုပြုလုပ် တိုင်တန်း သဖြင့် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း (ပ)၄၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment