Monday, December 21, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ တာဘောင်ကြီးလမ်း၊ ရုံးရပ်မြောက်ပိုင်း၊ မူကြိုကျောင်းရှေ့ တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည (၇း၄၀) အချိန်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ကြောင်း သတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာနေ အောင်လွင် (၄၉) နှစ်မောင်းနှင်ပြီး နောက်တွင် ၄င်း၏ဇနီး မအေးမြင့်ဦး(၄၉)နှစ် လိုက်ပါလာသည့် ၄၃ယ/xxx၊ နံပါတ်ပါ Follow Me-125 အစိမ်း ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ဂိတ်တဲအား ဝင်ရောက်တိုက်မိရာ အောင်လွင်တွင် နဖူး ပေါက်ပြဲ၊ ပါးစပ်နှင့် နားတို့မှသွေးထွက်ဒဏ်ရာရရှိ သေဆုံးသွားပြီး မအေးမြင့်ဦး တွင် ဦးခေါင်းပေါက်ပြဲ ၊ ကျောပြင်နာကျင် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ အောင်လွင် အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည (၇း၄၅) အချိန်တွင် မင်းလှမြို့နယ်ဆေးရုံတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ လူနာ(၂)ဦး ရောက်ရှိ နေကြောင်းသတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မင်းဘူးဘက်မှ မင်းလှဘက်သို့ မင်းလှမြို့နယ်၊ လင်းကယ်ကျေးရွာနေ ဝင်းခိုင်(၄၅)နှစ် မောင်းနှင်သည့် ၂ဝယ/xxx ၊ ကန်ဘို၁၂၅ အနက်ရောင်ဆိုင်ကယ်သည် မကွေး-မင်းလှ ကားလမ်း မိုင်တိုင်အမှတ် ၁၆/၄ အရောက်တွင် မျက်နှာချင်းဆိုင်မှလာသော မင်းဘူးမြို့နယ်၊ ချောင်းကောက်ကျေးရွာနေ ကျော်မင်း (၂၈)နှစ် မောင်း နှင်ပြီး နောက်တွင် မကြူကြူမာ(၂၈) နှစ် လိုက်ပါလာသည့် ၁ဝယ/xxx ၊ ကန်ဘို-၁၂၅ နက်ပြာ ရောင်ဆိုင်ကယ်အား ဝင်းခိုင်မောင်းနှင်သည့် ဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောအတွင်း ဝင်ရောက်တိုက်မိခဲ့၍ ဝင်းခိုင်တွင် ယာဘက်ခြေချောင်း ပေါက်ပြဲ၊ ယာနားရွက်/နှာခေါင်းသွေးထွက် ရရှိသေ ဆုံးသွားပြီး ကျော်မင်းတွင် မေးစေ့ပေါက်ပြဲ၊ ယာနားပွန်း၊ ဝဲလက်ဖျံပွန်း၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဝင်းခိုင်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၃၉/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video