၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့် နတ်မောက်မြို့၊ မြို့မရပ်ကွက်၊ နတ်မောက်- ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် (၂၈)တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ မေတ္တာမွန်လမ်းအတိုင်း ဈေးရပ်ကွက် ဘက်မှ မြို့မရပ်ကွက် ဘက်သို့ နတ်မောက် မြို့၊ ဈေးရပ်ကွက်နေ မမြပုလဲသွယ် (၂၇)နှစ် မောင်းနှင်ပြီး နောက်တွင် သမီး မရှမ်းရှမ်း (၅)နှစ် လိုက်ပါ လာသော ၁၇ယ/xxxxx YinXing 110 အစိမ်းရောင် ဆိုင်ကယ်သည် နတ်မောက်-ပျော်ဘွယ် ကားလမ်းပေါ်သို့ ချိုးကွေ့စဉ် နတ်မောက်-ပျော်ဘွယ် ကားလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ နတ်မောက်မြို့ နယ်၊ ပန်းတော်ကျင်း ကျေးရွာနေသူ မြင့်ဇော် (၃၄)နှစ် မောင်းနှင်သော 9G/xxxx ISUZU စိမ်းဝါရောင် ယာဉ်အား တိုက်မိပြီး မမြပုလဲသွယ်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မမြပုလဲသွယ်အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၈၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment