Tuesday, December 22, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီင်္ဇင်ဘာလ ၂၁ ရက်နေ့ ညနေ (၄)နာရီ (၄၀)မိနစ် အချိန်ခန့် အမှတ်(၁) ပေါက်တံတား ပေါ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ  နေပြည်တော် မုဒုံမောင်မောင်ကုမ္ပဏီမှ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် မြစ်သာ ဆည်ရှိ (၁၀)ဘီးကားများ အသုံးပြုမည့် ကားတာယာများ ပို့ဆောင်ရန်အတွက် ပခုက္ကူ-ပေါက် ကားလမ်း အတိုင်း နေပြည်တော်ဘက်မှ ဂန့်ဂေါဘက်သို့ လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာနေသူ ယာဉ်မောင်း ဝေလင်းဦး (၂၁)နှစ် မောင်းနှင်သည့် ၆ဂ/xxxx WOHO SINO အဖြူရောင် (၁၀) ဘီး ယာဉ် သည် အမှတ်(၁) ပေါက်တံတား (အုန်းတောတံတား) တိုင်အမှတ် ပီ ၉နှင့် ပီ ၁၀ ကြား အရောက်တွင် ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတားမြောက်ဘက်ခြမ်းရှိ လက်ရန်း တိုင်အား တိုက်မိပြီး အုန်းတောချောင်း အတွင်းသို့ ပြုတ်ကျ တိမ်းမှောက်ခဲ့ရာ ဝေလင်းဦးနှင့် ယာဉ်ပေါ် လိုက်ပါလာသူ မန္တလေး တိုင်းဒေသကြီး၊ ကူမဲမြို့နယ်၊ ချမ်းငြိမ်းသာ ကျေးရွာ နေသူများ ဖြစ်ကြသော စိုင်းကျော်ခိုင် (၂၂)နှစ် အပါအ၀င် ကျား(၃)ဦး၊ မ(၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဝေလင်းဦး အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၁/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video