Sunday, December 20, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့် စလင်းမြို့နယ်၊ လက်ပံကျင်း ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
စစ်ဆေးချက်အရ လက်ပံကျင်းကျေးရွာနေသူ ဒေါ်တင်အေး (၆၀)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ စတင်လောင်ခဲ့ရာ အနီးရှိ နေအိမ်(၂၀)လုံး၊ နွားတင်းကုတ် (၁၁)လုံးတို့အား မီးကူးစက် လောင်ကျွမ်း ခဲ့ပြီး မီးလောင်ရာ နေရာသို့ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင် (၂၃)ဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်မီးသတ် (၁၀)ဦး၊ ကျေးရွာသူ/သား (၅၀)ဦးခန့်တို့မှ မီးသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ ၁၁၁၀ အချိန် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တန်ဘိုး(၁၃)သိန်းခန့် ဆုံးရှုံး သွားခဲ့ကြောင်း၊ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ ကျား(၃၇)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း (၆၈)ဦး မီးဘေးသင့်ခဲ့၍ ကျေးရွာ ဘုန်းတော် ကြီးကျောင်းနှင့် ကျေးရွာ အမကကျောင်းတို့တွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ထားရှိကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်တင်အေး အား စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း (ပ)၄၀/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video