Sunday, December 20, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည (၈)နာရီခွဲအချိန်ခန့် မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာအနီး၊ သစ်ရာကောက်-ကိုးပင်ရွာသွား ကားလမ်း မိုင်တိုင်အမှတ် ၁၈/၆ နှင့် ၁၈/၇ ကြားတွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ကိုးပင်ရွာဘက်မှ မကွေးမြို့ဘက်သို့ ဆင်ပေါင်ဝဲ မြို့နယ်၊ ရေတွင်းကောင်း ကျေးရွာနေသူ ယာဉ်မောင်း ဆန်းညွန့်အောင် (၃၃)နှစ် မောင်းနှင်ပြီး ယာဉ် ၏ ခေါင်းခန်းတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ညောင်လှကျေးရွာနေသူ ဒေါ်ယဉ်နွဲ့ (၆၂)နှစ်ပါ အမျိုးသမီး (၃)ဦးတို့ လိုက်ပါလာသော ၄စ/xxxxx အီဆူဇူး အဖြူရောင် ယာဉ်သည် မြေပဲအိတ် (၁၇၀)အိတ် အား တင်ဆောင် လျှက် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျသွား ရာ ဒေါ်ယဉ်နွဲ့မှာ ကားတံခါးပေါက်မှ တစ်ဆင့် အောက်သို့ ပြုတ်ကျခဲ့၍ ဒေါ်ယဉ်နွဲ့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဆန်းညွန့်အောင် အား မကွေးမြို့နယ်၊ မိကျောင်းရဲ နယ်မြေရဲစခန်း ယာဉ်(ပ)၃၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video