၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ လေသာကျေးရွာ နေသူ မxxxx (၂၄)နှစ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ခန့် တစ်ရွာတည်းနေ မောင်xxxx (၁၂)နှစ်နှင့်အတူ ဆားပေါက်တောင်ကျေးရွာ မှ လေသာ ကျေးရွာသို့ ပြန်လာစဉ် ၎င်းတို့နောက်မှ လိုက်ပါလာသော ငဖဲမြို့နယ်၊ တောင်ပေါက် ကျေးရွာနေသူ မောင်xxxx (၂၀)နှစ်နှင့် အဖော်အဖြစ်ပါလာသူ တစ်ရွာ တည်းနေ မောင်xxxx(၁၈)နှစ် တို့(၂)ဦးသည် တောင်ပေါက် ကျေးရွာသို့ သွားသည့် လမ်းခွဲ အရောက်တွင် အတူပါလာသော အဖော်(၂)ဦးမှာ ထိုင်၍ စကားပြောကျန်နေခဲ့ပြီး မxxxxမှ လမ်းဆက်လျှောက် လာစဉ် xxxx(၂၀)နှစ်မှ ပြေးလိုက်လာပြီး ဆားပေါက်တောင် ကျေးရွာသို့ သွားသည့် လူသွားလမ်း အရောက်တွင် xxxxမှ မxxxx၏ ယာဘက်လက်အား အတင်းဆွဲခေါ်ပြီး အသင့်ပါ လာသော ဓါးမြှောင် (၁)ချောင်းဖြင့် လည်ပင်းအား ထောက်ရာ ရုန်းကန် အော်ဟစ်သော်လည်း မလွှတ်ဘဲ “အော်လျှင် သတ်ပစ်မည်”ဟု ခြိမ်းခြောက် ပြောဆိုကာ အလိုမတူဘဲ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် မောင်xxxx (၂၀)နှစ်အား အရေးယူပေးရန် ၁၉.၁၂.၂၀၁၅ ရက်နေ့တွင် မxxxxမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ငဖဲမြို့နယ်၊ မြို့မရဲစခန်း (ပ)၈၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment