Saturday, December 19, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သတင်းအရ မကွေးမြို့၊ မြို့ရှောင်လမ်းပေါ်တွင် စောင့် ဆိုင်းနေစဉ် မကွေး မြို့နယ်၊ အေးမြသာယာကျေးရွာနေ ဦးစိုးသိန်း(၅၃)နှစ်အား တွေ့ရှိ၍ စစ်ဆေး ရှာဖွေရာ နှစ်လုံး ထီလောင်း ကစားရာတွင်အသုံးပြုသော စာရွက်စာတမ်းများနှင့်လောင်းကြေးငွေစက္ကူ ရောရာ ၃၆,၅ဝဝိ/- အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် စိုးသိန်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၅၃/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

 အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ (၃း၂၀) အချိန်ခန့်တွင် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၈/၂ဝ၁၅)ဖြင့် စလင်းမြို့နယ်၊ လက်ဆည်ကုန်းရွာနေ အောင်မင်းထွန်း(၃၈)နှစ်၏ နေအိမ် အား ဝင်ရောက် ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင်အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရော ရာ ၃၂,၆၅ဝိ/-အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်မင်းထွန်းအား စလင်းမြို့နယ်၊ လင်းဇင်း နယ်မြေ ရဲစခန်း (ပ)၃၉/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေး ယူဆောင် ရွက် ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video