Saturday, December 19, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၈ ရက် နံနက် (၅) နာရီခွဲအချိန် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ကျွဲဖြူကန်ကျေးရွာ၊ ရွာလယ်လမ်းအရောက် အမျိုးသားတစ်ဦးအား MiNiKo (မ) စီး စက်ဘီးအပြာရောင် (တန်ဖိုး ၃၅,ဝဝဝိ/-)နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်မေးရာ တောင်တွင်းကြီးမြို့၊ အုန်းတော(၂) ရပ်ကွက် နေ ဝင်းမြင့်(၅ဝ)နှစ်ဖြစ်ကြောင်းသိရှိရပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိသဖြင့် နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ဝင်းမြင့်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၇၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 
 
အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန် ပခုက္ကူမြို့၊ မြို့မဈေးအတွင်း မသင်္ကာဖွယ် အမျိုးသမီးတွေ့ရှိကြောင်း သတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်အမျိုးသမီးအား ဈေးခေါင်းရုံးတွင် တွေ့ရှိရသဖြင့် သက်သေများရှေ့ တွင် ရှာဖွေရာ ၎င်းအမျိုးသမီး၏ ဖြူ/စိမ်းအကွက်အနွေးထည် ယာဘက်အောက် အိတ်အတွင်းမှ ရွှေဟုယူဆ ရသော လက်ကောက် (၁)ကွင်း (အီလန်အမျိုးအစား ၁၄ ပဲရည်၊ အလေးချိန် ၂ ပဲ၊ ၂ ရွေးခန့်ရှိ ခန့်မှန်းတန်ဖိုး ၁၂ဝ,ဝဝဝိ/-)အား တွေ့ရှိ၍စစ်မေးရာ ၎င်းသည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊သမန်းကုန်း မြို့သစ်ရပ်နေ ဒေါ်ရှမ်းမ(ခ)ဒေါ်အုန်းရင်၊ ၆၇နှစ်ဖြစ်ကြောင်း သိရှိရပြီး ရွှေလက်ကောက်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာ သည်ဟု မသင်္ကာသဖြင့် ဒေါ်ရှမ်းမေ(ခ)ဒေါ်အုန်းရင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၅၉/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့် အရေး ယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video