Saturday, December 19, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်နေ ဦးကျော်ဖြိုးဝေ (၃၆)နှစ်ပိုင်သော ''ကောင်းကင်သစ်'' လက်ဖက်ရည်ဆိုင်မှ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကျွန်းကြီးကျေးရွာနေ မုန့်လုပ်ဆရာ တင်မောင်(ခ)ဟန်စိန်၊ ၂၂နှစ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် (၄) နာရီခွဲအချိန်ခန့်တွင် ဆိုင်ဖွင့်ရန် ဆီအိုးမီးတည်ရာမှ အပူရှိန်လွန်ကဲပြီး မီးကူးစက် လောင်ကျွမ်းခဲ့ရာ (၄x၄)မြေစိုက် တစ်ထပ် တိုက်ဆိုင်ခန်းမှစ၍ (၄x၃)ပင် သွပ်မိုးအုတ်ညှပ်နှစ်ထပ် အဆောက်အဦအား မီးကူးစက်လောင်ကျွမ်းခဲ့၍ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ မြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် ခရိုင်လုံခြုံရေးအကူတပ်ခွဲမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၅ စီး၊ သစ်ထုတ်လုပ်ရေးပိုင်ရေသယ်ယာဉ် ၁စီး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် (၄း၄၅) အချိန် မီးညွန့်ကျိုး၍ နံနက် (၅) နာရီအချိန် မီးလုံးဝငြိမ်းသွားခဲ့ပြီး တန်ဖိုး ၅ဝဝ,ဝဝဝိ/-ခန့် ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ အသုံးပြု သူ တင်မောင် (ခ)ဟန်စိန်အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှု ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 
 




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video