၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊ မိုင်တိုင်အမှတ် ၁၉/၅ နှင့် ၁၉/၆ အကြား သပြေကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ (၃း၄၅) အချိန်ခန့်တွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွားကြောင်း သတင်းအရ ကဇွန်းမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ချောက်မြို့မှ ကဇွန်းမကျေးရွာသို့ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား မြောက်ကျေးရွာနေ ရွှေမောင် (၂၇)နှစ်မောင်းနှင်လာသည့် “ရွှေနံ့သာ“ခရီးသည်တင် 2B/xxx ၊ ဒိုင်နာအဖြူရောင် အပြာစင်းမော်တော်ယာဉ်သည် ကုန်းအတက်တွင် နောက်ပြန်လျှောကျ ကန့်လန့်ဖြတ် တိမ်းမှောက်ကာ ယာဉ်ပေါ်လိုက်ပါလာသူ ဆိပ်ဖြူမြို့နယ်၊ ဖက်တဲရွာနေ ဦးဟံမြင့်(၃၈)နှစ်ပါ ကျား ၁ဦး၊ မ ၁၁ဦး၊ ပေါင်း ၁၂ဦးတို့တွင် ဒဏ်ရာ များ အသီးသီးရရှိခဲ့သဖြင့် ရွှေမောင်အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment