Friday, December 18, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် (၉)နာရီအချိန် ဖမ်းဆီးနည်း (ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်နှင့် ရဲအရာရှိများ၊ သင်တန်းနည်းပြ အရာရှိ(၂)ဦး နှင့် သင်တန်းသား ရဲအရာရှိ (၂၂)ဦး၊ စုစုပေါင်း အင်အား (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းမှ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သင်တန်းသားများ၏ ဖမ်းဆီးနည်း လက်တွေ့သရုပ်ပြသမှုအား ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီး နံနက် (၉)နာရီ (၄၅)မိနစ်အချိန် အခမ်းအနား ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video