Friday, December 18, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ရွှေပန်းတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၁)နာရီအချိန်ခန့် ရွှေပန်းတောကျေးရွာတွင် သေမှု သေခင်း ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ရွှေပန်းတောကျေးရွာနေသူ သိန်းထိုက် (၅၂)နှစ် ဖြစ်ပြီး ၎င်းမှာ အိပ်ယာထဲ၌ လည်ပင်းဇလုပ်အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး သေဆုံးသူမှာ မိခင်နှင့် အတူ နေအိမ် အောက်ထပ်တွင် အိပ်နေစဉ် မီးဖိုချောင်သို့သွားပြီး ဓါးယူလာကာ မိမိ၏ လည်ပင်းအား ဓါးဖြင့်ထိုးစဉ် မိခင်ဖြစ်သူ မှ မြင်တွေ့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့ရာ အိမ်အပေါ်ထပ်တွင် အိပ်နေသော အစ်ကိုဖြစ်သူများမှာ အိပ်ယာမှ နိုးလာပြီး ဆေးရုံသို့ပိုဆောင်ကာ ဆေးရုံ၌ သေဆုံး သွားကြောင်း၊ သေဆုံးသူ မှာ အရက် အလွန်အကျွံ သောက်စားသည့် ဒဏ်ကြောင့် လွန်ခဲ့သော(၂)နှစ်ခန့်က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် ကုသခဲ့ဘူးကြောင်း သိရှိရပြီး ၎င်းသေဆုံးခြင်းမှာ အရက် ကြောင့် စိတ်ကြောင်ပြီး အိပ်ယာထဲ၌ မိမိကိုယ်ကို လည်ပင်းအား ဓါးဖြင့် ထိုးသေဆုံးခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူမှ သက်သေခံပစ္စည်း အရိုးအသွား (၈)လက်မခန့်ရှိ ပလပ်တစ်ရိုးတပ် ဓါဦးချွန် စတီးဓါး တစ်ချောင်းအား အပ်ပေး ပြောပြသိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် အောင်လံ မြို့နယ်၊ ရွှေပန်းတော နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၅ ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video