Friday, December 18, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၄)နာရီခွဲအချိန်ခန့် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပခန်းကြီးကျေး ရွာရှိ စည်သူရှင်ဘုရား တောင်ဘက် ပခန်းကြီး-ပခန်းငယ်သွား လမ်းမပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦး အား တွေ့ရှိစစ်ဆေးရာ မိတ္ထီလာမြို့၊ စည်ပင်သာယာ ရပ်ကွက်နေသူ နေလင်း (၁၉)နှစ်ဖြစ်ပြီး ၎င်း၏ခါးကြား တွင် အရိုးအသွား (၁၂)လက္မခန့်ရှိ ဓါးဦးချွန် ဓါးမြှောင် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်း ရမိ သဖြင့် နေလင်း အား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်း (ပ)၁၂၄/၂၀၁၅၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video