Thursday, December 17, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲကင်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်တွင် လှည့်ကင်း ဆောင် ရွက်နေစဉ် ရဲလှကျေးရွာအနောက်ဘက် ရွာအဝင်လမ်းမပေါ်တွင် မသင်္ကာသူ လူ(၂)ဦးအား တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်းကျွန်းရွာနေသူများဖြစ်သည့် ဗွေလီ(ခ) မင်းထွေး၊ ၂၃နှစ်နှင့် မောင်ဝင်း(၃၆)နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့(၂)ဦးမှာ ကလေး မြို့နယ်မှ ရဲလှကျေးရွာကိုဖြတ်၍ တောထဲသို့အမဲလိုက်ထွက်ရန် လာရောက်ခြင်းဖြစ်ကြောင်းစစ်ဆေး သိရှိ ရပြီး ဗွေလီ(ခ)မင်းထွေးထံမှ လိုင်စင်မဲ့တူမီးသေနတ်(လွယ်ကြိုးပါ) ၁ လက်၊ ယမ်းထည့်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းကိရိယာများနှင့်အတူ သိမ်းဆည်းရမိသဖြင့် လိုင်စင်မဲ့ တူမီး သေနတ် လက်ဝယ်တွေ့ရှိ သူ ဗွေလီ(ခ)မင်းထွေးနှင့် တူမီးသေနတ်ပိုင်ရှင် မောင်ဝင်းတို့အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း (ပ)၉၂/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video