Thursday, December 17, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာရပ်၊ ၆လမ်းရှိ ကုန်စုံဆိုင်တွင် နှစ်လုံးထီ လောင်း ကစား ပြုလုပ်နေကြောင်း သတင်းအရ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် (၁၁း၂ဝ) အချိန် ခန့်တွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်း ကစားဖမ်းဝရမ်းအမှတ် (၇၅/၂ဝ၁၅)ဖြင့် ဝင်ရောက်ရှာဖွေရာ မကွေးမြို့၊ ကန်သာ ရပ်ကွက်နေ မစန်းမြင့်မော် (၄၈)နှစ်အား ဆိုင်အတွင်းရှိ ရေခဲသေတ္တာပေါ်တွင် နှစ်လုံးထီလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်ကြေးငွေ ၇၆,၄ဝဝိ/- နှင့်အတူ လောင်း ကစားပြုလုပ်နေသည်ကိုတွေ့ရှိရ သဖြင့် တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မစန်းမြင့်မော် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၅၂/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video