Thursday, December 17, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်မေတ္တာ(ဃ)ရပ်ကွက်၊ အဝေရာလမ်းနှင့် (၃) လမ်းထောင့် ၊ အမှတ်(၂၉၆)နေ ဒေါ်ထွေး (၇ဝ)နှစ်၏ (၄x၃)ပင်၊ သွပ်မိုး၊ အပေါ်ထပ်ထရံကာ ၊ နှစ်ထပ် ပျဉ်ခင်း၊ တိုက်ခံအိမ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်က နေအိမ် အောက် ထပ်ရှိ လျှပ်စစ်မီးမိန်းခလုပ်ခုံနှင့် ရေခဲသေတ္တာအား သွယ်တန်းထားသည့် မီးပလပ်နှင့် ပလပ်ပေါက်တို့အား မထိတထိထားရှိရာမှ အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မကွေးတိုင်းမီးသတ်ဦးစီးမှူး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၇ စီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ် လျှပ်စစ်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်း သတ်ခဲ့ရာ ညနေ (၅း၂၀) အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ နေအိမ်အပေါ်ထပ်နှင့် အတွင်းပစ္စည်းအချို့တို့အား မီးလောင်ကျွမ်းခဲ့၍ တန်ဘိုး (၁၅ဝ,ဝဝဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးအား ပေါ့ဆစွာအသုံးပြုသူ ဒေါ်ထွေးအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃ဝ၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။ 





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video