၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၁) ရပ်ကွက်နေ နေဇော်(၂၉)နှစ်သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် နေအိမ်အဖီတဲအတွင်း အရက် သောက်စား မူးယစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့က ဇနီးဖြစ်သူ မလှလှကျော် (၂၃)နှစ်နှင့် စကားများ ရန်ဖြစ်ခဲ့မှုအား မကျေ မနပ်ဖြစ်ကာ ၄င်းခြုံထားသော နီညိုရောင်စောင်အား မီးရှို့ရာမှစတင် လောင် ကျွမ်းပြီး ၎င်း၏နေအိမ် ထန်းလက်မိုး အဖီတဲနှင့် နေအိမ်တောင်ဘက်ခြမ်းရှိ ဝါးကပ်မိုးများအား မီး ကူးစက်လောင်ကျွမ်းခဲ့ရာ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၃စီးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ နံနက် (၁၁း၂၄) အချိန်တွင် မီးငြိမ်း သွား ခဲ့ပြီး တန်ဖိုး ၁ဝ,ဝဝဝိ/-ခန့် ပျက်စီး ဆုံးရှုံးခဲ့သဖြင့် စောင်အား မီးရှို့သူ နေဇော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၅၈/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment