Wednesday, December 16, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၁၅ ရက် ည(၈)နာရီခွဲအချိန်ခန့် သက်သေများနှင့်အတူ ဆတ်သွား ကျေးရွာ၊ ပုပ္ပါရုံဘုရားပွဲ လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် ဇာတ်ရုံ၏ အရှေ့တောင်ဘက်အနီးတွင် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်နေသူ သန်းထိုက်(၄၆)နှစ်၊ (ဖ)ဦးစန်းမြင့်သည် လောင်းကစားရာ တွင်အသုံးပြုသည့် အံစာတုံး အသေး(၂)လုံး၊ အင်္ဂလိပ်ဂဏန်းဖြင့် အသေး (၁)ဆ၊ အကြီး(၂)ဆ၊ လပ်ကီး (၃)ဆဟု ရေးသားထားသည့် အခင်းဇယား(၁)ခု၊ ကြွေပန်းကန်လုံး (၁)လုံး၊ ဖယောင်းတိုင် အကြီး (၂)တိုင်၊ လောင်းကြေးငွေစက္ကူရောရာ ၂၆၈ဝဝိ/-တို့နှင့်အတူ အံစာတုံး လောင်းကစား ဒိုင်ပြုလုပ်နေသည် ကို တွေ့ရှိရသဖြင့် သန်းထိုက်အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း (ပ)၁၄၄/၂ဝ၁၅ ၊ လောင်းကစား ဥပဒေပုဒ်မ ၁၂(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါ သည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video