၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေ လုံခြုံရေးရဲတပ်စုမှအဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည (၈)နာရီခွဲအချိန်ခန့်တွင်သတင်းအရ သက်သေများ နှင့်အတူ မင်းဘူးမြို့နယ် ၊ အောက်ကျောင်း ကျေးရွာနေ တင်ဝင်း(၅၃)နှစ်၊ (ဖ)ဦးမြဒင်၏ နေအိမ်ဝိုင်း အတွင်း ဝင်ရောက် ရှာဖွေ ရာ နေအိမ်အရှေ့ဘက်ရှိ ကျောက်စည်ဝိုင်း(၂)လုံး၏အခြေမှ အဝါရောင်ပီနံအိတ် အတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် ရေနံစိမ်း(၇)ဂါလံခန့်ပါ (၂)အိတ်၊ နေအိမ်ဝိုင်း အရှေ့ဘက်ကပ်လျှက်ရှိ လူမနေသော နေအိမ်ဝိုင်း၏ အရှေ့မြောက်ဒေါင့်မှ အဝါရောင်ပီနံအိတ် အတွင်း ပလပ်စတစ် အိတ်ဖြင့်ထည့်လျှက် ရေနံစိမ်း (၇)ဂါလံခန့်ပါ (၁)အိတ်၊ စုစုပေါင်း (၂၁) ဂါလံခန့်၊ တန်ဖိုး ၃၅၆၂၈.၅၃၇ိ/-အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမဝင် ရေနံစိမ်းများ လက်ဝယ်ထားရှိသူ တင်ဝင်းအား မင်းဘူးမြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၅၂/၂ဝ၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment