Tuesday, December 15, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ၊ ရွှေပန်းတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ(၅)နာရီခွဲအချိန်ခန့် နတ်မောက်မြို့နယ်၊ ဒန့်ဒလွန်ပင် ကျေးရွာ အရှေ့ဘက်(၁)မိုင်ခွဲခန့်အကွာရှိ သဖန်းကန်ရေကန်တွင် လူတစ်ဦးရေနစ်သေဆုံးနေ ကြောင်း ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဖုန်းဖြင့် သတင်းပေးချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဒန့်ဒလွန်ပင်ကျေးရွာနေ မိုးသိန်း (၃၅)နှစ်သည် သဖန်းကန်ရေကန်၏ တောင်ဘက် အစပ်တွင် ငါးမျှားနေရာ မှ ရုတ်တရက် ဝက်ရူးပြန်ရောဂါဖြစ်ပွား၍ အကြောတက်ကာ ရေကန်ထဲ ပြုတ်ကျပြီး အကျယ် (၄)ဧကကျော်၊ အနက်(၄)ပေခွဲရှိ သဖန်းကန်ရေကန်၏ တောင်ဘက်အစပ် ရေထဲတွင် ပက်လက် အနေအထားဖြင့် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးခြင်းမှာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး နိုင်ရန်အတွက် နတ်မောက်မြို့နယ် ၊ ရွှေပန်းတော နယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၂/၂ဝ၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video