Tuesday, December 15, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တို့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် (၁၁)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် သက်သေများနှင့်အတူ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၇၄/၂ဝ၁၅)ဖြင့် မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာနေ ဦးကျော်ငွေ (၅၃) နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ဦးကျော်ငွေ၏ နေအိမ်အောက်ထပ်နှင့် နေအိမ်ရှေ့ မီးဖိုဆောင်အတွင်း တို့မှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော လောင်းကစားကိရိယာများ နှင့် အပေါ်ထပ်ခန်းရှိ ပန်းရောင်လက်ဆွဲခြင်းအတွင်းမှ လောင်းကြေးငွေ စုစုပေါင်း (၁၁ဝ,ဝဝဝိ/-) အား တွေ့ရှိ သိမ်းဆည်းရမိ သဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ဦးကျော်ငွေအား မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်း (ပ) ၃၃/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video