Tuesday, December 15, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အညာပန်းပလွန်းကျေးရွာ၏အရှေ့မြောက်ဘက် (၁)မိုင် ခွဲခန့်အကွာ ၄င်းကျေးရွာနေ ဦးဘိုတင်၏ လယ်တွင် နေ့စား အငှားဖြစ်သော တစ်ရွာတည်းနေ အမွှာညီအစ်ကို များဖြစ်သည့် သန်းဌေး(၅ဝ)နှစ်နှင့် သိန်းဌေး(၅ဝ)နှစ်တို့သည် ဒီဇင်ဘာလ ၁၄ ရက် နေ့လည် (၂)နာရီခွဲအချိန်ခန့် စပါးစိုက်ပြီး ထမင်းစားနားနေစဉ် ညီဖြစ်သူ သန်းဌေးမှ ဘောင်းဘီရှည် ဝတ်သည်ကို အစ်ကိုဖြစ်သူ သိန်းဌေးမှ ''အခြောက်နှင့်တူသည်''ဟု ပြောဆို၍ စကားများ ရန်ဖြစ်ခဲ့ရာ သန်းဌေးမှ ထမင်း စားသည့်နေရာနှင့် အရှေ့ဘက်(၃၅)ပေခန့်အကွာရှိ ကောက်ရိုးပုံတွင် ဝှက်ထား သော ၄င်းကိုင်ဆောင် သည့် ပြောင်းအကျယ် ၅ မူးလုံး၊ ပြောင်းအရှည် ၂ ပေ ၆ လက်မ၊ သစ်သားဒင် ၁ ပေ ၆ လက်မရှိ တူးမီးသေနတ်အားယူဆောင်၍ (၂၅) ပေခန့်အကွာမှ ပစ်ခတ်ရာ ထမင်းစားနေ သည့် နေရာတွင် ထိုင်နေသော သိန်းဌေး၏ ဘယ်ဘက်ရင်အုံအားထိမှန်၍ နောက်ကျောမှ ကျည် ဖောက်ထွက်ကာ ထိုင်နေ သည့်နေရာမှထပြေးစဉ် (၈)ပေခန့် အကွာတွင် လဲကျသေဆုံးသွားခဲ့သဖြင့် သန်းဌေးအား ဆောမြို့နယ် ၊ ကျောက်ထုနယ်မြေရဲစခန်း(ပ) ၇၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video