Saturday, December 12, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် 
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ (၆)နာရီ (၅)မိနစ်အချိန်ခန့် စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဆေးရုံ မှ ကြွက် သတ်ဆေး သောက်၍ သေဆုံးနေသော အမျိုးသမီး တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ စလင်းမြို့နယ်၊ လေသာကုန်း ကျေးရွာနေသူ မသွယ်သွယ်မိုး (၁၉)နှစ် ဖြစ်ပြီး ၄င်းသည် ဖခင်ဖြစ်သူ ဦးလှမင်းနှင့် စကားများ၍ ဖခင်ဖြစ်သူမှ ဆူပူသည်ကို စိတ်ဆိုးပြီး နေအိမ်နောက်ဖေး၌ လယ်ယာသုံးစွဲရန် ၀ယ်ယူထားသော မာလာမြိုင် ကြွက် သတ်ဆေး သောက်နေစဉ် ဖခင်ဖြစ်သူ ဦးလှမင်းမှ မြင်တွေ့ပြီး တညောင် တိုက်နယ်ဆေးရုံသို့ ပို့အပ်ဆေး ကုသစဉ် သေဆုံးသွားသဖြင့် မသွယ်သွယ်မိုး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် စလင်းမြို့နယ်၊ တညောင်နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video