၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ (၂)နာရီခွဲအချိန်ခန့် အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ ဗိုလ်တဲလမ်း၌ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဗိုလ်တဲလမ်းအတိုင်း တောင်တွင်းကြီးဘက်မှ ပြည်မြို့ဘက်သို့ အောင်လံမြို့၊ ဇေယျဝတီ ရပ်ကွက်နေသူ တိုးညီညီအောင် (၂၅)နှစ် တစ်ဦးတည်း မောင်းနှင်လာသော ၄၅ယ/xxxxx HONDA CLICK 125 နက်ပြာရောင် ဆိုင်ကယ်သည် ဆောက်လုပ်ရေးရုံး အနီးရှိ ဦးလှရွှေ၏ နေအိမ်ခြံစည်းရိုး သံတံခါးအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိပြီး တိုးညီညီအောင်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ တိုးညီညီအောင် အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၇၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment