၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ညောင်ကန် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေခင်း (၁၂)နာရီခွဲအချိန်ခန့် မကွေးမြို့နယ်၊ ကျစ်ဆုံပွေးကျေးရွာ အနီး၊ မကွေး-နေပြည်တော်ကားလမ်း မိုင်တိုင်အမှတ် ၇၄/၂ နှင့် ၇၄/၃ အကြားတွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ၄င်းလမ်းအတိုင်း မကွေးမြို့ဘက်မှ မြို့သစ်မြို့ဘက်သို့ မကွေးမြို့နယ်၊ သက်ရင်းတော ကျေးရွာနေသူ လှချစ်ဦး (၁၈)နှစ်သည် Dream Honda 125 နက်ပြာရောင် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေးရှိ ယူကလစ်ပင်အား ၀င်ရောက်တိုက်မိပြီး လှချစ်ဦးမှာ ရရှိသော ဒဏ်ရာ များဖြင့် သေဆုံး သွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ လှချစ်ဦးအား မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်း ယာဉ်(ပ) ၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment